Friday, January 20, 2012

Block Facebook friends and unblock them!!

ဒီနေ့ဘဲ တစ်ယောက်က facebook ကနေမေးလို့ အားလုံးလိုအပ်မယ် ထင်လို့ ပုံလေးတွေနဲ့ ဖော်ပြပေး လိုက်ပါတယ်။ ဒါကတော့ Facebook မှာရှိတဲ့ သူငယ်ချင်းတွေကို Block လုပ်လို့ရသလို၊ Unblock လဲ လုပ်လို့တဲ့ ဟာလေးပါ။ အောက်ပါ ပထမပုံလေးကတော့ ကိုယ့်ထဲမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကိုနှိပ်လိုရင် သူ့ရဲ့ Profile ကိုရောက်သွားပါမယ်. ဒီမှာ သူ Profile အောက်မှာရှိတဲ့ Report/Block this person ကိုနှိပ်ပါ။ ပြီးတော့ Confirm ပေါ့။ ဒီလို Block လိုက်ရင်တော့ search မှာရှာလဲ မတွေ့တော့ဘူး...ဘယ်လိုလုပ်လုပ် သူနဲ့ ပသက်သက်တာတွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး. ဆိုတော့ Block တခါလုပ်လိုက်ရင် search ကနေပြန်ရှာပြီး unblock လုပ်လို့မရပါဘူး. ဒါကြောင့် အောက်ပါ နည်းအတိုင်း Unblock လုပ်ရပါမယ်။ အပေါ်ကပုံမှာ ပြထားတဲ့ အနီရောင်လေးနဲ့ ၀ိုင်းထားတဲ့ Unblock ကိုနှိပ်ပေးပြီး ဒါဆိုရင် အရင်တိုင်း ပြန်ပြီး ဖြစ်ပြီးပေါ့ ဒါပြီးတော့ အောက်မှာရှိတဲ့ Block app , Block invitation တို့ကိုလဲ စမ်းလုပ်ကြည့်ပေါ့ ဒီမှာ တခုသတိထားရမှာက တစ်ယောက်ရဲ့ invitation ကိုတခါ block လုပ်တာနဲ့ နောက်ရှေ့ဆက် သူ့ရဲ့ Invitation တွေအားလုံးကို ပိတ်လိုက်သလိုဖြစ်ပြီး နောက်ကို ဘာမှ invitation ရတော့မှာမဟုတ်ပါဘူး။ အားလုံး အဆင်ပြေကြမယ်ထင်ပါတယ်. SBSangpi (စံပီး)

No comments:

Post a Comment