Thursday, January 5, 2012

နင့်ရဲ့အကြည့်ကိုလည်း ငါသိနေ ငါ့ရဲ့အကြည့်ကိုလည်းနင်သိနေ ဘ၀တာရှည် အရေးအတွေးကြောင့် ငေးရုံငေး တွေးရုံတွေး ဆွေးရုံဆွေးရပါသတဲ့ အချစ်ရဲ့ ညအသင်္ချေ.. စိတ်လေစဉ်ကအချစ်များ(နောင်တ)တရားတိုဖွားသစ်စတုတ္ထမြောက်အချစ် မသတ်မှတ်ရစ်ဘူး အို .. အို အချစ်ဦးပါကွယ်.. ငါ့ဘ၀ကို မချမ်းသာစေခဲ့တဲ့ အရင်ရဲ့ဘ၀ကိုအပြစ်တင် ငိုချင်ရဲ့လက်တို့ ချစ်လို့ပြောချင်တဲ့စကားများ နှုတ်ခမ်းမှာ ယားရုံသာ ဆို ... ဘဇာနဲ့နှစ်သိမ့်ရမလဲ..ဟင် ရင်ခွင်တိုးဝှေ့တစ်နေ့တစ်နေ့အချစ်နေ့မှာ ထွေးပွေ့ထားခိုက် နှစ်ခြိုက်ကြည်နူး ရွှင်မြူးစေချင်.. ခေါင်းလေးမော့လိုက် အချစ်အိုက်တင် ငါကြည့်ချင်ရဲ့ ကြည်လင်ရွှန်းစက် ဆယ်ကျော်သက်ရယ် ရက်ဆက်ငုံဖူး ပစ်ရက်ဖူးလေ `ဟုတ်ကဲ့ရှင့်´လို့ရင်ထဲနင့်အောင်ကြားယောင်နေမိ ချစ်ဧ။်ထူးသံ ဂီတသံလေ တရံမလစ်အတွေးဖြစ်ထွန်း `အချစ်´၊ မနစ်မွန်းစေရပါ ... ။ ပြုံးလိုက်ပုံလေးရေးတေးတေးမှာ ဆွေးစရာကွယ် ချစ်ပါရဲ့နဲ့ မကြားခဲ့တဲ့ ငါ့ရဲ့အချစ် စကားဆိုသံ နာခံချင်ရဲ့ကြားချင်ရဲ့မပေါ့ ကြားတဲ့နေ့မှာ
.. ငါရဲ့အချစ် `အနှစ်တစ်ထောင်´ တည်စေမည်။ ။ Ps:(တစ်ခါတုန်းကအကြောင်းတွေ) စာအုပ်လေးမှ ...။

No comments:

Post a Comment