Thursday, January 5, 2012

အကွာအဝေးတွေနဲ့ ခါးခါးသီးသီးလွမ်းရင်းငို သတိတရရင်ဆိုင်ဖို့ အလွမ်းဓာတ်ပြင်းပြင်းပါတဲ့သီချင်းတွေ အလွတ်ကျက်နေရပြန်ပြီ..အနာဂါတ်ငရဲဆီက..အော်သံတွေဒါမှမဟုတ် ဘ၀ရဲ့သေစကားတွေ မကြားတကြား ၀ိုးတ၀ါးမှ ပီပီသသဆိုက်ရောက်လာတော့ အတူရင်ဆိုင်မယ်ဆိုတဲ့ လက်ကလေးကို...(ကု
ိယ့်မှာ)အရိပ်တကြည့်ကြည့် ဖြစ်ရတယ်။ ဆုတောင်းထဲမှာတော့ ငြိမ်းချမ်းရာ မိသားစုလေးတစ်ခု ငါတို့နှစ်ယောက်ရဲ့ပြည့်စုံမှုကို လိုအင်ဆန္ဒတွေနဲ့ ဖန်တီးမှာလား လိုအပ်ချက်တွေနဲ့ဖွဲ့စည်းမှလား...။ ငါတို့ စကားတွေနည်းလာတယ် အရေးအသားတွေထပ်လာတယ် ဒါနဲ့ပဲ ငါတို့ရဲ့မနက်ဖြန်ခါကို ညွှန်းဆိုဖို့ရာအတွက် ဇာတ်မျော ဆိုတဲ့စကားလုံးက အထိုက်တန်ဆုံးပဲဆိုတာကိုတော့ မယုံကြည်ပါရစေနဲ့။ ငါ နင့်ကို ချစ်တယ် ။ ။

No comments:

Post a Comment